ယူကရိန်း အရှေ့ပိုင်း အခြေအနေဆိုး

ဓာတ်ပုံ ရင်းမြစ်, EPA
ယူကရိန်း အရှေ့ပိုင်း လုံခြုံရေး အခြေအနေ ယိုယွင်း လာနေပြီလို့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့(OSCE) က သတိပေး လိုက်ပါတယ်။
ပဋိပက္ခ တွေ အတွင်း ကလေးငယ် တွေ အပါအဝင် အရပ်သားတွေ ပိတ်မိ နေတာနဲ့ ဒွန်းနက်စ် လေဆိပ် နားမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ မြိုထဲ ထိ ရောက်လာတာ တွေ က အဓိက စိုးရိမ်စရာ ဖြစ်တယ်လို့ OSCE အဖွဲ့ ပြောခွင့်ရ Michael Bociurkiw က ဆိုပါတယ်။
လေဆိပ် အနီးတဝိုက် တိုက်ပွဲတွေ ပိုစိပ် လာတဲ့ အတွက် အသေအပျောက် များတယ် လို့ ယူကရိန်း အစိုးရ အာဏာပိုင် တွေက ဝန်ခံ ခဲ့ကြပါတယ်။
လေဆိပ် ဝင်ပေါက် အဆောက်အအုံ တစိတ်တပိုင်း ပြိုကျ လို့ အစိုးရ တပ်သားတွေ ဒဏ်ရာ ရတယ်လို့လည်း ဆိုပါတယ်။
ဒွန်းနက်စ် နဲ့ လေဆိပ် က အစိုးရ တပ်တွေကို တွန်းလှန် နိုင်ခဲ့တယ်လို့ ရုရှ လိုလားတဲ့ သူပုန် တွေက ပြောကြား ခဲ့ပါတယ်။




