ယူကရိန်း အစိုးရနဲ့ သူပုန်အကြား အကျဉ်းသား လဲလှယ်

ဓာတ်ပုံ ရင်းမြစ်, EPA
ယူကရိန်း နိုင်ငံမှာ အစိုးရနဲ့ အရှေ့ဘက်ခြမ်း ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေ အကြား ရာနဲ့ချီတဲ့ အကျဉ်းသား တွေကို အပြန်အလှန် လဲလှယ် ခဲ့ကြပါတယ်။
အခုလို ဖမ်းဆီး ထားသူတွေကို ပြန်လွှတ် ပေးလိုက် တာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက ပြုလုပ် ထားတဲ့ ငြိမ်းချမ်းရေး အတွက် သဘော တူညီမှု အစီအစဉ် တစ်ရပ်ပဲ ဖြစ်ပါတယ်။
သောကြာနေ့ ညနေပိုင်း မှာ ယူကရိန်း စစ်သား ၁၄၆ ဦး ပြန်လည် လွတ်မြောက် လာခဲ့တယ် လို့ အစိုးရ ဘက်က ပြောပြီး ဒီနေ့မှာလည်း နောက်ထပ် ၄ ဦး လွတ်မြောက် လာဖို့ ရှိကြောင်း လည်း ဆိုပါတယ်။
အစိုးရ ဘက်က ပြန်လည် လွှတ်ပေး ခဲ့တဲ့ သူပုန်ဦးရေ အတိအကျ ကို အတည် မပြုနိုင်ပေမယ့် အနည်းဆုံး ၂၂၀ ကျော် ရှိနိုင် ကြောင်း ခန့်မှန်း နေကြပါတယ်။
အဆိုပါ စက်တင်ဘာ သဘောတူမှု ထဲမှာ ၂ ဘက်ကြား အပစ်ရပ် ထားဖို့လည်း ပါရှိပေမယ့် တချို့ နေရာတွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပေါ် ခဲ့ပါတယ်။




