သီရိလင်္ကာ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ရှုံးနိမ့်

ရွေးကောက်ပွဲ နိုင်ခဲ့သူ မစ္စတာ Maithripala Sirisena သမ္မတသစ် အဖြစ် ကျမ်းကျိန်စဉ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲ နိုင်ခဲ့သူ မစ္စတာ Maithripala Sirisena သမ္မတသစ် အဖြစ် ကျမ်းကျိန်စဉ်။

သီရိလင်္ကာ နိုင်ငံမှာ ၁၀ နှစ်ကြာ အာဏာ ရယူ ထားခဲ့တဲ့ လက်ရှိ သမ္မတ Mahinda Rajapaksa ဟာ သမ္မတ ရွေးကောက်ပွဲ တရားဝင် ရလဒ်တွေ အရ မမျှော်လင့်ဘဲ ရှုံးနိမ့် သွားခဲ့ပါတယ်။

ရွေးကောက်ပွဲ နိုင်ခဲ့တဲ့ Maithripala Sirisena က သမ္မတသစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပါတယ်။

သမ္မတ မဟင်ဒါ ရာဂျာ ပက်က်ဆာဟာ တတိယ သက်တမ်း အတွက် သူ အနိုင်ရမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွေးကောက်ပွဲကို ၂ နှစ်စောပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေး ဝန်ကြီးဟောင်း ဖြစ်သူ မစ္စတာ Sirisena အနိုင်ရတဲ့ အတွက် သီရိလင်္ကာ အရှေ့ပိုင်းမှာ ကားဟွန်းတွေတီး မီးပန်းတွေ ဖောက်ပြီး အောင်ပွဲခံ ခဲ့ကြပါတယ်။