သီရိလင်္ကာ သမ္မတ ရွေးကောက်ပွဲ အကြိတ်အနယ် မဲပေး

လက်ရှိ သမ္မတနဲ့ ယှဉ်ပြိုင် အရွေးခံသူ ကျန်းမာရေး ဝန်ကြီးဟောင်း Maithripala Sirisena

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လက်ရှိ သမ္မတနဲ့ ယှဉ်ပြိုင် အရွေးခံသူ ကျန်းမာရေး ဝန်ကြီးဟောင်း Maithripala Sirisena

သီရိလင်္ကာ နိုင်ငံမှာ မမျှော်လင့်ဘဲ အကြိတ်အနယ် ရှိလာတဲ့ သမ္မတ ရွေးကောက်ပွဲကို သန်းနဲ့ချီတဲ့ လူတွေက ဆန္ဒမဲ ပေးခဲ့ ကြပါတယ်။

၂၀၀၅ ခုနှစ် ကတည်းက သမ္မတ ရာထူး ရထားတဲ့ သမ္မတ Mahinda Rajapaksa ဟာ မဟာမိတ်ဟောင်း ဖြစ်တဲ့ သူ့ပြိုင်ဘက် အပေါ် အလွယ်တကူ အနိုင်ရမယ်လို့ မျှော်လင့်ပြီး ရွေးကောက်ပွဲကို ၂ နှစ်စော ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ပြိုင်ဘက် ကျန်းမာရေး ဝန်ကြီးဟောင်း မစ္စတာ Maithripala Sirisena ကို ထောက်ခံသူ အမြောက်အများ ရှိခဲ့တဲ့ အတွက် လေ့လာ စောင့်ကြည့် သူတွေကို အံ့အား သင့်စေခဲ့ပါတယ်။

မဲရုံတွေမှာ မငြိမ်မသက် ဖြစ်မှုတွေ ရှိမှာ စိုးတဲ့အတွက် လက်နက်ကိုင် ရဲအစောင့် အရှောက်တွေ ချထားခဲ့ပါတယ်။