ရွေးကောက်ပွဲ နီးလာလေ အကြမ်းဖက်မှုတွေ တိုးလာလေ

သီရိလင်္ကာ နိုင်ငံမှာ အဓိက အတိုက်အခံ သမ္မတလောင်း ရဲ့ မဲဆွယ် ချီတက်ပွဲမှာ လက်ရှိ အစိုးရကို ထောက်ခံသူ တွေက လေထဲ သေနတ်တွေ ပစ်ဖောက်ပြီး ခြိမ်းခြောက် ခဲ့ကြတယ် လို့ အဲဒီ့က လာတဲ့ သတင်း တွေက ဆိုပါတယ်။
သီရိလင်္ကာမှာ လာမယ့် သီတင်းပတ်မှာပဲ သမ္မတ ရွေးကောက်ပွဲ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။
အခုလို ရွေးကောက်ပွဲ နီးကပ်လာလေ နိုင်ငံရေး အကြမ်းဖက်မှု တွေ တိုးမြင့်လာလေ ဖြစ်နေတယ် လို့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ တစ်ရပ် ဖြစ်လာဖို့ ဆော်ဩ နေကြတဲ့ စောင့်ကြည့်ရေး အဖွဲ့က ဆိုပါတယ်။
အကြမ်းဖက်မှု အများစု ကို ကျူးလွန် နေကြ သူတွေဟာ သမ္မတ မဟိန္ဒာ ရာဂျာပက်စ အပေါ် ထောက်ခံသူ တွေ ဖြစ်ပြီး အတိုက်အခံ ခေါင်းဆောင် မိသရီပါလ ဆီရီဆီန ကို ထောက်ခံသူ တွေ အကြမ်းဖက် ခံနေရတယ် လို့လည်း ပြောပါတယ်။




