ရှာလီ အက်ဘ်ဒိုး တိုက်ခိုက် ခံရမှုကို ကမ္ဘာတဝှမ်းက ရှုတ်ချ

ဓာတ်ပုံ ရင်းမြစ်, AFP
ရှာလီ အက်ဘ်ဒိုး မဂ္ဂဇင်းတိုက် တိုက်ခိုက် ခံရမှု အပေါ် ကမ္ဘာ တဝှမ်း က ရှုတ်ချ နေကြပါတယ်။
အမေရိကန် သမ္မတ အိုဘားမား က ကျူးလွန် ခဲ့သူတွေ ကို လိုက်လံ ရှာဖွေ ဖမ်းဆီး ရာမှာ ကူညီမယ် ဆိုပြီး ပြောသလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ကလည်း ဒီ ပစ်ခတ်မှု ဟာ ယဉ်ကျေးတဲ့ ကမ္ဘာကြီးနဲ့ ယဉ်ကျေးမှု ကို ဆန့်ကျင် သူတွေကြား ထိပ်တိုက် တွေ့မှုရဲ့ အစိတ်အပိုင်း ဖြစ်တယ် ဆိုပြီး ပြောပါတယ်။
အာရပ် အဖွဲ့ချူပ် နဲ့ အီဂျစ် နိုင်ငံ တို့ရဲ့ အစ္စလာမ် ဘာသာရေး ဦးစီး ဦးဆောင် Al-Azhar က ဒီ လူသတ်မှုဟာ ရာဇဝတ် အပြုအမူ ဖြစ်တယ် လို့ ပြောပြီး ပုပ်ရဟန်း မင်းကြီး ဖရန်စစ် ကလည်း အင်မတန် စက်ဆုပ်ဖို့ ကောင်းတဲ့ လူသတ် အကြမ်းဖက်မှု ဆိုပြီး ပြောပါတယ်။
ရှာလီ အက်ဘ်ဒိုး က ပြန်လည် ပုံနှိပ်ခဲ့တဲ့ တမန်တော် မိုဟာမက်ဒ် ပုံကို ရေးဆွဲခဲ့သူ ဒိန်းမတ် အမျိုးသား ကော့ထ် ဗက်စတာဂေါ က မီဒီယာ အနေနဲ့ လက်နက် မချရဘူး လို့ ပြောလိုက်ပြီး The Satanic Verses ဝတ္ထုကြောင့် တချို့ မွတ်ဆလင် ခေါင်းဆောင် တွေရဲ့ အသက် အန္တရာယ် ခြိမ်းခြောက်မှု အောက်မှာ နေထိုင်နေရတဲ့ ဗြိတိသျှ စာရေးဆရာ Salman Rushdie ကလည်း ဘာသာရေး ဆိုတာ အသရော် ခံနိုင်ရမှာပဲ လို့ ပြောလိုက် ပါတယ်။




