ပုပ်ရဟန်းမင်း ကက်သလစ် ကျောင်းတော်ကို ဝေဖန်

pope

ဓာတ်ပုံ ရင်းမြစ်, AFP Getty

ဓာတ်ပုံ ပုံစာ, အကျင့်ဆိုး တွေ သယ်မလာကြဖို့ မျှော်လင့်

ရောမ ကက်သလစ် ကျောင်းတော်ရဲ့ ပုပ် ရဟန်းမင်းကြီး ဖရန်ဆစ် က သူ့ ဗာတီကန် နန်းတော်ရဲ့ အုပ်ချုပ်ရေး ယန္တရား ယိုယွင်းမှု တွေကို ဒီနှစ် ခရစ္စမတ် ရာသီ အတွက် ပေးတဲ့ မိန့်ခွန်းမှာ ဝေဖန် ပြောကြား လိုက်ပါတယ်။

သူ့ရဲ့ ကျောင်းတော်မှာ လူမှုရေး အရ အလွန်အကျွံ ဖော်ထုတ် ကြွားဝါမှု၊ ဘာသာရေး ကျင့်ဝတ် စောင့်စည်းမှုပိုင်းမှာ မေ့လျော့ ချွတ်ချော် တာတွေ ရှိနေတယ်လို့ ဂိုဏ်းချုပ် ဆရာတော် ကြီး တွေကို ပေးတဲ့ မိန့်ခွန်းမှာ ပုပ် ရဟန်းမင်းကြီး ဖရန်ဆစ် က ဝေဖန် ပြောကြား ခဲ့ပါတယ်။

အာဏာ မက်မောမှု၊ အတင်းအဖျင်း တွေနဲ့ အကြမ်းဖက် ထိုးနှက်မှု တွေ အပါအဝင် ကျောင်းတော်မှာ ဖြစ်ပွားနေတဲ့ ဒုစရိုက်မှုကြီး ၁၅ မျိုးကို ရဟန်းမင်းကြီးက ရေတွက် ပြခဲ့ပါတယ်။

နှစ်သစ်မှာ ဒီအကျင့်ဆိုး တွေကို သယ်မလာကြဖို့ မျှော်လင့် ပါတယ်လို့ ပုပ် ရဟန်းမင်းကြီးက ပြောကြား ခဲ့ပါတယ်။

သူ့ရဲ့ ဝေဖန် ပြောကြား ချက်တွေကို ပရိသတ်က လက်ခုပ် သံ ဖျောက်ဖျောက် လောက်နဲ့ပဲ အားပေး ခဲ့ကြပါတယ်။