အီးယူအပေါ် ပုပ်ရဟန်းမင်း ဝေဖန်

ဓာတ်ပုံ ရင်းမြစ်, AFP
ပုပ်ရဟန်မင်းကြီး ဖရန်စစ်ဟာ စထရက်ဇ် ဘာ့ဂ် မြို့ ဥရောပ ပါလီမန်မှာ ပေးခဲ့တဲ့ မိန့်ခွန်းထဲ ဥရောပ သမဂ္ဂ အဖွဲ့ အပေါ် အပြင်းအထန် ဝေဖန်တဲ့ မှတ်ချက်တွေ ပြုခဲ့ပါတယ်။
ဥရောပ သမဂ္ဂ အပေါ် သူစိမ်း တရံစာ အဖွဲ့အစည်း၊ ကိုယ်နဲ့ မဆိုင်တဲ့ အဖွဲ့အစည်း အဖြစ်၊ ဥရောပ ပြည်သူအများက ရှု့မြင် နေကြတယ် လို့ ပုပ်ရဟန်မင်းကြီး က ပြောပါတယ်။
ဥရောပ သမဂ္ဂက ချမှတ်တဲ့ စည်းမျဉ်း တွေဟာလည်း အများရဲ့ သဘောထားကို ထည့်သွင်း စဉ်းစားခြင်းမရှိပဲ၊ အများ ကောင်းကျိုး ကိုတောင် ထိခိုက်စေ တဲ့ အပြစ် ရှိတယ် လို့လည်း ပုပ် ဖရန်စစ်က ဆိုပါတယ်။
ဒီ အချက်တွေကြောင့် ဥရောပ သမဂ္ဂ အပေါ် လူတွေ အယုံအကြည် ကင်းမဲ့လာတာ ဆိုပြီး ဝေဖန်ခဲ့ တာ ဖြစ်ပါတယ်။
ပုပ် ရဟန်းမင်းကြီးဟာ အခုလို မိန့်ခွန်း ပြောခဲ့အပြီး၊ ရောမမြို့တော်ကို အပြန် ခရီးမှာတော့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဒီအရေးဟာ နိုင်ငံတကာ နဲ့ သက်ဆိုင်တဲ့ အကြောင်းချင်းရာ ဖြစ်တဲ့ အတွက် ဘယ်နိုင်ငံမှ ကိုယ့်သဘောနဲ့ကိုယ် မဆောင်ရွက် သင့်ဘူးလို့ ဆိုပါတယ်။
ဘယ်လောက် ခက်ခဲသည် ဖြစ်စေ အစ္စလာမ်မစ် လက်နက်ကိုင်တွေ နဲ့ စကားပြောဆို ဆွေးနွေးဖို့ နည်းလမ်းကို လည်း လုံးဝ အသုံး မပြုတာမျိုးလည်း မဖြစ်သင့်ဘူးလို့ ပုပ် ဖရန်စစ် က ပြောပါတယ်။




