ဟောင်ကောင်က နောက်ဆုံး သပိတ်စခန်းကို ရှင်းလင်း

ဓာတ်ပုံ ရင်းမြစ်, Reuters
ဟောင်ကောင်မှာ စက်တင်ဘာလက စတင်ပြီး ဒီမိုကရေစီ တောင်းဆို ဆန္ဒပြ နေသူတွေ အခြေချ နေတဲ့ သပိတ် စခန်း ၃ခု ထဲက နောက်ဆုံး ကျန်တဲ့ သပိတ် စခန်းကို ရဲတွေက ဖယ်ရှား လိုက်ပြီ ဖြစ်ပါတယ်။
Causeway Bay မှာ ရှိတဲ့ အဲဒီ သပိတ်စခန်းက အတားအဆီးတွေ၊ ကြွေးကြော်သံ စာတမ်းတွေကို ရဲတွေက ဖယ်ရှားခဲ့ပြီးနောက် သပိတ်စခန်း ကနေ ထွက်ခွာဖို့ ငြင်းဆန်တဲ့ ဆန္ဒပြသူ အနည်းငယ် ကိုလည်း ဖမ်းဆီး ထိန်းသိမ်း လိုက်ပါတယ်။
အကြီးဆုံး သပိတ်စခန်း ဖြစ်တဲ့ Admiralty အရပ်က သပိတ်စခန်း ကိုတော့ ပြီးတဲ့တဲ့ သီတင်းပတ်ကပဲ ရဲတွေက ဖယ်ရှားခဲ့ပြီး ဖြစ်ပါတယ်။
ဟောင်ကောင် အုပ်ချုပ်ရေးမှူးသစ် ရွေးကောက်ပွဲမှာ တရုတ် အစိုးရက ဖွဲ့ထားတဲ့ ကော်မီတီက ရွေးချယ်တဲ့ အုပ်ချုပ်ရေးမှူး လောင်းတွေပဲ ဝင်ရောက် ယှဉ်ပြိုင်ရမယ်လို့ ဟောင်ကောင် အာဏာပိုင်တွေက ထုတ်ဖော် ကြေညာခဲ့အပြီးမှာ ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာပါ။




