ကျောင်းသားတွေ ဆုတ်ခွာဖို့ ဟောင်ကောင် အရာရှိ တိုက်တွန်း

Admiralty က သပိတ်စခန်းမှာ ဆန္ဒပြသူတွေ ရှိနေဆဲ

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, Admiralty က သပိတ်စခန်းမှာ ဆန္ဒပြသူတွေ ရှိနေဆဲ

ဟောင်ကောင်မှာ အဓိက သပိတ်စခန်းကို မရှင်းလင်းမီ တစ်ရက် အလိုမှာ ဆန္ဒပြ ကျောင်းသားတွေကို သပိတ် စခန်းကနေ ဖယ်ရှားကြဖို့ ဟောင်ကောင် ထိပ်တန်း အရာရှိ Carrie Lam က တိုက်တွန်း လိုက်ပါတယ်။

အထက် တရားရုံးရဲ့ အမိန့်နဲ့ ကြာသပတေးနေ့ မနက်မှာ Admiralty အရပ်က သပိတ်စခန်းကို ဖယ်ရှား ရှင်းလင်းဖို့ ဟောင်ကောင် အာဏာပိုင်တွေက ပြင်ဆင် နေကြပြီ ဖြစ်ပါတယ်။

ကျောင်းသား ခေါင်းဆောင်တွေ ကတော့ နောက်ဆုံး အချိန်အထိ သပိတ်စခန်းမှာပဲ ငြိမ်းငြိမ်းချမ်းချမ်း ဆက်နေကြဖို့ ပိုင်းဖြတ် ထားကြပါတယ်။

ဆန္ဒပြသူတွေဟာ ဟောင်ကောင် အုပ်ချုပ်ရေး အကြီးအကဲကို ရွေးချယ်ရာမှာ ဒီမိုကရေစီ နည်းလမ်း အပြည့်အဝနဲ့ ရွေးချယ်နိုင်ဖို့ တောင်းဆို နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကလည်း Mong Kok သပိတ်စခန်းကို ရှင်းလင်းခဲ့ရာမှာ နှစ်ဖက် လုံးထွေး သတ်ပုတ်မှုတွေ ဖြစ်ခဲ့ပါတယ်။