ဟောင်ကောင် ဆန္ဒပြ စခန်းကို ရှင်းလင်း၊ အချို့ကို ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, AP
ဟောင်ကောင်မှာ အဓိက ဆန္ဒပြ စခန်း ၃ ခုထဲက တစ်ခုကို အာဏာပိုင်တွေက တရားရုံး အမိန့်နဲ့ ရှင်းလင်း ဖယ်ရှားရာမှာ ဆန္ဒပြသူ အနည်းဆုံး ၁၀ ဦးကို ဖမ်းဆီး လိုက်ပါတယ်။
ဖယ်ရှား ရှင်းလင်းရာမှာ ဆန္ဒပြသူတွေက အစောပိုင်းမှာ ခုခံမှု မပြုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထွက်ခွာဖို့ ငြင်းဆန်တဲ့ လူအချို့ကို ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။
Mong Kok အရပ်က အဲဒီ ဆန္ဒပြ စခန်းမှာ ဆန္ဒပြသူတွေ အခြေစိုက် ဆန္ဒပြနေတာ ၂ လနီးပါး ရှိသွားပြီ ဖြစ်ပါတယ်။
လာမယ့် ၂၀၁၇ ခုနှစ် ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ဟောင်ကောင် ပြည်သူတွေရဲ့ အကြိုက် အုပ်ချုပ်ရေးမှူး တင်သွင်းခွင့် ပြုဖို့ ဆန္ဒပြသူတွေက တောင်းဆို နေကြတာ ဖြစ်ပါတယ်။
အောက်တိုဘာလမှာ ဆန္ဒပြပွဲတွေ စတင်ချိန်က ဟောင်ကောင် ပြည်သူတွေ သိန်းနဲ့ချီ ပါဝင် ခဲ့ပေမယ့် နောက်ပိုင်းမှာ အရေအတွက် ရာဂဏန်းလောက်သာ ကျန်ရှိပါတော့တယ်။




