ဆန္ဒပြ စခန်းတွေကို ဟောင်ဟောင် အာဏာပိုင်တွေ ဖယ်ရှား

ဓာတ်ပုံ ရင်းမြစ်, Reuters
ဟောင်ကောင် မြို့လယ်မှာ ရှိတဲ့ ဆန္ဒပြ စခန်းတွေထဲက နေရာ တစ်ခုကို ဟောင်ကောင် အာဏာပိုင် တွေက တရားရုံး ခွင့်ပြုမိန့်နဲ့ ဖယ်ရှား လိုက်ပါတယ်။
အနီးအနားက အဆောက်အအုံ ပိုင်ရှင်တွေရဲ့ တိုင်ကြား ချက်ကြောင့် Citic မျှော်စင် အပြင်ဘက်က ပိတ်ဆို့နေတဲ့ အတားအဆီး တွေကို ဖြိုဖျက်ဖို့ တရားရုံးက အမိန့် ထုတ်ခဲ့တာ ဖြစ်ပါတယ်။
အခုလို ဖယ်ရှားမှုကို ဆန္ဒပြ ကျောင်းသားတွေက ခုခံခြင်း မရှိခဲ့တဲ့ အပြင် အများစုက ဝိုင်းဝန်း ကူညီ ဖယ်ရှား ပေးခဲ့ကြပါတယ်။
'ဟောင်ကောင် မြို့လယ်ကို သိမ်းပိုက်ကြ' ဆိုတဲ့ လှုပ်ရှားမှုကို ပြုလုပ်သူ တွေဟာ ဟောင်ကောင်ရဲ့ ဥပဒေကို ချိုးဖောက်သူတွေ ဖြစ်တယ် ဆိုတာ အခုမှ ပိုပြီး သိသာ ထင်ရှား လာစေတယ်လို့ ဟောင်ကောင် အုပ်ချူပ်ရေးမှုး စီဝိုင်လုန် က ပြောသွားပါတယ်။




