ဟောင်ကောင် ဆန္ဒပြသူအချို့ ကောင်စီ တံခါးကို ချိုးဖျက်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဟောင်ကောင်မှာ ဆန္ဒပြသူ အချို့ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ဥပဒေပြု ကောင်စီ အဆောက်အအုံ ထဲကို ချိုးဖျက် ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ အတွက် ရဲတွေနဲ့ ပဋိပက္ခ ဖြစ်ခဲ့ကြပါတယ်။
ဆန္ဒပြသူ တချို့က သံချောင်းတွေ၊ ကွန်ကရစ် ခဲတွေနဲ့ ဥပဒေပြု ကောင်စီ အဆောက်အအုံရဲ့ မှန်တံခါးတွေကို ဖျက်ဆီး ခဲ့ကြတာ ဖြစ်ပြီး ရဲတွေကလည်း ငရုတ်ကောင်း ရည်နဲ့ တုတ်တွေကို အသုံးပြုပြီး နှိမ်းနင်းခဲ့ကာ လူ ၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
အခုလို ချိုးဖောက် ဝင်ရောက်တဲ့ လုပ်ရပ်ကို အကြမ်းဖက် လုပ်ရပ် အဖြစ် ဒီမိုကရေစီရေး လှုပ်ရှားသူ နိုင်ငံရေး သမားတွေက ရှုံ့ချ လိုက်ပါတယ်။
ဆန္ဒပြ ကျောင်းသား ခေါင်းဆောင် တစ်ဦးကလည်း ဒီလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြောပါတယ်။ ဒီလုပ်ရပ် ကြောင့် သူတို့အပေါ် လူတွေရဲ့ ထောက်ခံမှု လျော့သွားမှာကို စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။
ဆန္ဒပြ စခန်း နေရာ တစ်ခုကို လွန်ခဲ့တဲ့ နာရီပိုင်းက ရဲတွေက တရားရုံး အမိန့်နဲ့ အေးအေးချမ်းချမ်း ဖယ်ရှားခဲ့ အပြီးမှာ အခုလို ဖြစ်ရပ် ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။




