မလေးရှားမှာ အကြည်ညို ပျက်စေမှု ဥပဒေကို ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, epa
မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်မှာ ရာနဲ့ချီတဲ့ ရှေ့နေတွေက နိုင်ငံတော် အကြည်ညို ပျက်စေမှု ဥပဒေကို ရှားရှားပါးပါး ဆန္ဒပြ ခဲ့ကြပါတယ်။
အဲဒီ ဥပဒေကို ဗြိတိသျှ ကိုလိုနီခေတ်က ကွန်မြူနစ် သူပုန်တွေရဲ့ ပုန်ကန်မှုကို တိုက်ဖျက်ဖို့ စတင် ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အစိုးရ အနေနဲ့ အဲဒီ ဥပဒေကို သုံးပြီး သူ့အပေါ် ဝေဖန်မှုတွေ အသံတိတ်အောင် ပိုလုပ် လာတယ်လို့ လူ့ အခွင့်အရေး လှုပ်ရှားသူ တွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ နှစ်အတွင်းမှာ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေ၊ ကျောင်းသားတွေ နဲ့ ပညာရှင် တွေ တစ်ဒါဇင်ကျော် လောက်ကို အဲဒီ ဥပဒေနဲ့ တရားစွဲခဲ့ပါတယ်။
ဒီဥပဒေကို ရုပ်သိမ်းဖို့ မလေးရှား ဝန်ကြီးချုပ်က လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ကတိ ပြုခဲ့ဖူး ပေမယ့် အဲဒီ ကတိအတိုင်း ဆောင်ရွက်ခြင်း မရှိဘူးလို့ လှုပ်ရှားသူ အချို့က စိုးရိမ် နေကြပါတယ်။




