ကွာလာလမ်ပူမှာ ဗုံးပေါက် တစ်ဦး သေ

ဓာတ်ပုံ ရင်းမြစ်, Reuters
မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့တော် Bukit Bintang အရပ်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တယ်လို့ ယူဆရတဲ့ ပေါက်ကွဲမှုကြောင့် လူ တစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာ ရသွားပါတယ်။
မပေါက်ကွဲ သေးတဲ့ ဒုတိယမြောက် ဖောက်ခွဲရေး ပစ္စည်းကိုလည်း ရပ်ထားတဲ့ ကားတစ်စီးရဲ့ အောက်မှာ တွေ့ရတယ်လို့ မလေးရှား ရဲက ပြောပါတယ်။
ဖောက်ခွဲမှုရဲ့ လက်သည်ကို မသိရသေး ပေမယ့် ရာဇဝတ် ဂိုဏ်းတွေရဲ့ တိုက်ခိုက်မှု ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
သေဆုံးသူက မလေးရှား လူမျိုး ဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ တရုတ် နိုင်ငံသား ၂ ယောက်၊ စင်္ကာပူ တစ်ယောက်နဲ့ ထိုင်း တစ်ယောက်တို့ ပါဝင်ကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။




