ဟောင်ကောင် ဆန္ဒပြပွဲကို ရဲက ဖြိုခွဲ

ဓာတ်ပုံ ရင်းမြစ်, AP
ဟောင်ကောင် ရဲတွေဟာ ဒီမိုကရေစီ အရေး ဆန္ဒပြ နေကြတဲ့ ကြီးမားတဲ့ လူအုပ်ကြီးကို မျက်ရည်ယို ဗုံးတွေ သုံးပြီး လူစုခွဲ ခဲ့ ပါတယ်။
မြို့လယ် နေရာ ကနေ ထွက်သွား ကြဖို့ အာဏာပိုင် တွေက အမိန့် ထုတ်ပြန် ထားပေမယ့် ဆန္ဒပြ သူတွေက ဒါကို အံတုပြီး ဆက်လက် ဆန္ဒပြ နေကြ တာပါ။
ဟောင်ကောင် အုပ်ချုပ်ရေးမှူး စီဝိုင် လွန်း ကတော့၊ တတိယ မြောက်နေ့ ရှိလာပြီ ဖြစ်တဲ့ ဒီ ဆန္ဒပြ မှုတွေဟာ ဥပေဒနဲ့ မညီဘူး ဆိုပြီး ကြေညာ ပြောဆိုထား ပါတယ်။
တရုတ် ပြည်မကြီး ကလည်း ဆန္ဒပြ မှုတွေကို ပြစ်တင် ရှုတ်ချလိုက် ပါတယ်။
ထောင်သောင်း ချီတဲ့ ဆန္ဒပြ လူအုပ်ကြီး အနေနဲ့ လူစု မခွဲဘူး ဆိုရင် အင်အား ပိုသုံး ရလိမ့် မယ်လို့ ဟောင်ကောင် ရဲတပ်ဖွဲ့က သတိပေး နေပါတယ်။
သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ လွန်းက သူဟာ ဆန္ဒပြ သူတွေရဲ့ စိုးရိမ် မှုတွေကို နားထောင် နေပါတယ် လို့တော့ ပြောကြား သွားပါတယ်။
ဆန္ဒပြ သူတွေဟာ လာမယ့် ၂၀၁၇ ခုနှစ် ကျရင် ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရွေးတဲ့ အခါ လုံးဝ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ပြုလုပ် ရေးကို တောင်းဆို နေကြတာ ဖြစ်ပါတယ်။




