ကမ္ဘာစစ်လက်ကျန် ဧရာမ ဗုံး ဟောင်ကောင်မှာ တွေ့

ဓာတ်ပုံ ရင်းမြစ်, AFP
ဟောင်ကောင်မှာ ဒုတိယ ကမ္ဘာစစ် အတွင်းက အမေရိကန်တို့ ကြဲချခဲ့တယ်လို့ ယူဆရတဲ့ မပေါက်ကွဲသေးတဲ့ ဧရာမ ဗုံးကြီးတစ်လုံးကို ဗုံးလက်နက် ကျွမ်းကျင် သူတွေက စနက်တန် ဖြုတ်နိုင်ခဲ့ပါတယ်။
အလေးချိန် ၉၀၀ ကီလို ဂရမ်ရှိတဲ့ ဒီဗုံးကြီးကို ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုမှာ အလုပ်သမားတွေက တွေ့ရှိခဲ့တာ ဖြစ်ပြီး အဲဒီ အနီးအနားက လူနေအိမ်တွေနဲ့ ဟိုတယ်က လူပေါင်း ၂၀၀၀ ကျော်ကိုလည်း ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။
ဗုံးစနက်တန် ဖြုတ်ရာမှာ ကျွမ်းကျင်သူ ထိပ်တန်း အရာရှိတဦးက ဒီဗုံးကြီးကို နေရာရွှေ့ဖို့ရာ အလွန်တရာမှ အန္တရာယ် ရှိပြီး ပေါက်ကွဲပါက အနီးအနားက အဆောက်အဦးတွေ ပြိုကျနိုင်တယ်လို့ ဆိုပါတယ်။




