ကင်ဂျုံအမ်း ကျန်းမာရေး ချို့ယွင်းနေဟု ဆို

ဓာတ်ပုံ ရင်းမြစ်, Reuters
မြောက် ကိုရီးယားမှာ ပါလီမန် အစည်း အဝေးကို မတက်ရောက် နိုင်ခဲ့တဲ့ ခေါင်းဆောင် ကင် ဂျုံအမ်း အနေနဲ့ ကျန်းမာရေး ချို့ယွင်း မှုကို ခံစားနေရကြောင်း မြောက် ကိုရီးယားက ဝန်ခံ ပြောကြား လိုက်ပါတယ်။
သူ ခံစားနေရတဲ့ ရောဂါကို အတိအကျ မဖော်ပြ ပေမယ့် ကင်ဂျုံအမ်း ခက်ခက်ခဲခဲ လမ်းလျှောက် နေရတဲ့ ပုံကို မြောက်ကိုရီးယား ရုပ်သံက ထုတ်လွှင့် ခဲ့တာကြောင့် ဒါဟာ ဂေါက် ဆိုတဲ့ အဆစ် အမြစ်ရောင် ရောဂါ ခံစားနေရတာ ဖြစ်နိုင်ကြောင်း တောင်ကိုရီးယား တို့က ခန့်မှန်းပါတယ်။
မစ္စတာ ကင်ကို အများပြည်သူ ရှေ့မှာ မတွေ့ရတာ သီတင်း ၃ ပတ် ရှိနေပြီ ဖြစ်ပြီး သူ့ရဲ့ ကျန်းမာရေး အခြေအနေ ပိုမို ဆိုးရွား လာနေတယ်လို့ ခန့်မှန်း ပြောဆိုမှုတွေ ရှိနေပါတယ်။
မြောက်ကိုရီးယားမှာ သူတို့ ခေါင်းဆောင်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ် ထုတ်ဖော် ပြောဆိုတာ မရှိသလောက် ရှားပါတယ်။




