ကန် နိုင်ငံသားကို မြောက်ကိုရီးယား ထောင် ၆ နှစ်ချ

မြောက်ကိုရီးယား တရားခွင်မှာ တွေ့ရတဲ့ Matthew Miller

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယား တရားခွင်မှာ တွေ့ရတဲ့ Matthew Miller

မြောက်ကိုရီးယား နိုင်ငံမှာ အမေရိကန် နိုင်ငံသား တစ်ဦးကို လုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ် ချလိုက်တယ်လို့ မြောက်ကိုရီးယား သတင်းဌာနက ကြေညာပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက အမေရိကန် နိုင်ငံသား Matthew Miller မြောက်ကိုရီးယားကို အလည်အပတ် ဗီဇာနဲ့ ရောက်လာပြီး သိပ်မကြာခင်မှာပဲ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပြီး ရန်လိုတဲ့ အပြုအမူကြောင့် ခုလို ပြစ်ဒဏ် ချမှတ်တာလို့ ပြောပါတယ်။

အမေရိကန် ကတော့ မြောက်ကိုရီးယားဟာ သံတမန်ရေး ကစားပွဲအတွက် မစ္စတာ Miller ကို အသုံးချ နေတယ်လို့ စွပ်စွဲပါတယ်။

မြောက်ကိုရီးယား ကတော့ မစ္စတာ Miller ဟာ သူ့ရဲ့ ဗီဇာကို ဆုတ်ဖြဲခဲ့ပြီး နိုင်ငံရေး ခိုလှုံခွင့် တောင်းခံ ခဲ့တယ်လို့ ပြောပါတယ်။