မြောက်ကိုရီးယား ဝန်ကြီး မြန်မာပြည် လာမယ်

ဓာတ်ပုံ ရင်းမြစ်, REUTERS
မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Ri Su-yong ဟာ ရှေ့တပတ် ထဲမှာ ကျင်းပမယ့် အာဆီယံ ဒေသဆိုင်ရာ ဆွေးနွေးပွဲ ARF ကို တက်ဖို့ အတွက် မြန်မာ နိုင်ငံကို လာရောက်ဖို့ ရှိတယ်လို့ မြောက်ကိုရီးယား သတင်းဌာန ကို ကိုးကားပြီး Yonhap သတင်း အေဂျင်စီ က ရေးပါတယ်။
သြဂုတ်လ ၂ ရက်နေ့ စတင်မယ့် သူ့ရဲ့ ခရီးစဉ် အတွင်း လာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှား နဲ့ စင်ကာပူ နိုင်ငံ တွေကိုလည်း သွားရောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
ဆွစ်ဇာလန် နိုင်ငံ ဆိုင်ရာ သံအမတ်ကြီး ဖြစ်ခဲ့ဘူးတဲ့ မစ္စတာ Ri ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအမ်း အဲဒီမှာ ပညာသင် ခဲ့စဉ်က အုပ်ထိန်းသူ အဖြစ် ဆောင်ရွက်ခဲ့ ဘူးတယ် လို့ ယုံကြည်ရ ပါတယ်။




