ဆီးရီးယားထဲ ကုလထောက်ပံ့ရေး ကားတွေစေလွှတ်

ဓာတ်ပုံ ရင်းမြစ်, AFP
ဆီးရီးယား အစိုးရ ရဲ့ သဘော တူညီမှု တောင်းခံခြင်း မပြုပဲ၊ ကယ်ဆယ်ရေး နဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ သယ်ဆောင် တဲ့ ယာဉ်တန်း၊ ဆီးရီးယား နိုင်ငံထဲ ကို ပထမဦးဆုံး အကြိမ်၊ တူရကီ ကနေ တဆင့်၊ ဝင်ရောက် သွားခဲ့ပြီ လို့၊ ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။
ဒီလို ပုံစံ ဝင်ရောက်ပြီး၊ လူသားချင်း စာနာနားလည်တဲ့ အကူအညီတွေ ပြုဖို့၊ ကုလသမဂ္ဂ ရဲ့ လုံခြုံရေး ကောင်စီက၊ ဒီလထဲမှာပဲ၊ ဆုံးဖြတ်ချက် ချထားခဲ့တာပါ။
တူရကီ နယ်ခြား Bab Al Salam ကနေ၊ ထရပ်ကား ၉ စီး၊ ဆီးရီးယား ထဲ ဝင်ရောက် သွားတာ ဖြစ်ပါတယ်။
စားနပ်ရိက္ခာ အပါအဝင်၊ ယာယီနေထိုင်ရာ တဲတွေ ဆောက်လုပ်ဖို့ နဲ့ တစ်ကိုယ်ရည် ကျန်းမာရေးသုံး ပစ္စည်းတွေ သယ်ဆောင် သွားကြပါတယ်။
အခုအချိန်အထိ၊ ကုလသမဂ္ဂ အစီအစဉ်နဲ့ ဝေငှတဲ့၊ ထောက်ပံ့ရေး ပစ္စည်းတွေ ရဲ့ ၉၀ ရာခိုင်နှုန်းဟာ၊ ဆီးရီးယား အစိုးရ ထိန်းချူပ်ထား ရာ၊ ဒေသတွေမှာပဲ ဝေငှ ထားခဲ့ပါတယ်။




