ဆီးရီးယားထဲ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့မယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ရီးယားဆီးရီးယားနိုင်ငံ မှာ လူသားချင်း စာနာနားလည်း တဲ့ အထောက်အပံ့အ ကူအညီတွေ ပေးနိုင်ဖို့၊ သူပုန်တွေ ထိန်းချူပ်ထားရာ ဒေသတွေကို ဖြတ်ပြီး၊ ယာဉ်တန်းတွေ ဝင်ရောက်ဖို့၊ ကုလသမဂ္ဂရဲ့ လုံခြုံရေးဆိုင်ရာ ကောင်စီမှာ၊ တခဲနက် ကန့်ကွက်မယ့်သူ မရှိ၊ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီ ဆုံးဖြတ်ချက်အရ၊ အရပ်သားတွေကို စားနပ် ရိက္ခာနဲ့ ဆေးဝါးတွေ ဝေငှတာကို၊ ဆီးရီးယား နိုင်ငံထဲမှာ တိုက်ခိုက်နေကြတဲ့ အစိုးရရော သူပုန်ရော ၂ ဘက်စလုံးက၊ လက်ခံရမယ် ဆိုပြီး ပါဝင်ပါ တယ်။
နောက်ပြီး၊ အခုလို ထောက်ပံ့ရေး ယာဉ်တန်းတွေ ဝင်ရောက်မှာကို၊ ဆီးရီးယား အစိုးရဆီက သဘောတူညီမှု၊ တောင်းခံစရာ မလိုဘူး ဆိုပြီး ပါဝင်ပါတယ်။
ဒါပေမယ့်၊ တူရကီ၊ အီရတ်နဲ့ ဂျော်ဒန် နိုင်ငံတွေ ဘက်ခြမ်းကနေ၊ ထောက်ပံ့ရေး ယာဉ်တန်းတွေ၊ ဘယ်အချိန် ၀င်ရောက် လာမလဲ ဆိုတာကို၊ ဆီးရီးယား အစိုးရကို ကြိုတင် သတိပေးမယ် လို့ ဆိုပါတယ်။
ဒီလို ဝင်ရောက်တာကို၊ ဆီရီးယား အာဆတ် အစိုးရက၊ တိုင်းပြည်ရဲ့ အချူပ်အခြာကို ချိုးဖောက်တယ်လို့ ယူဆ လာတဲ့အခါ၊ ထောက်ပံ့ရေး ယာဉ်တန်းတွေကို ဘယ်သူက အကာအကွယ် ပေးမလဲ ဆိုတာတော့၊ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို၊ ရုရှားနိုင်ငံ ကလည်း ထောက်ခံတယ် ဆိုပြီး၊ ကုလသမဂ္ဂ ဆိုင်ရာ ရုရှား သံအမတ် ဗစ်တာလေ ချော့်ကင် က ပြောပါတယ်။




