ရှင်ဂျန်းမှာ ရာမဒန် ဥပုသ် မစောင့်ဖို့ တားမြစ်

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်ပြည် အနောက်ပိုင်း ရှင်ကျန်း ပြည်နယ်မှာ အစ္စလာမ် ဘာသာဝင်တို့ရဲ့ ရာမဒန် ဥပုသ်လ အတွင်း မွတ်ဆလင်တွေ ဥပုသ် မစောင့်ရ ဆိုပြီး ဒေသခံ အာဏာပိုင် အတော်များများက အမိန့် ထုတ်ပြန် တားမြစ်လိုက်ပါတယ်။
ဒီလို တားမြစ်ခံရသူတွေထဲမှာ အဲဒီဒေသရဲ့ ဌာနေ ဝီဂါ မျိုးနွယ်စုဝင် အစိုးရ ဝန်ထမ်းတွေ၊ ကျောင်းဆရာတွေ၊ ကျောင်းသူကျောင်းသားတွေ ပါဝင်ပါတယ်။
ဒီကာလအတွင်းမှာ တရုတ် အာဏာပိုင်တွေက အခမဲ့ နေ့လည်စာ ကျွေးမွေးတာမျိုးတွေတောင် လုပ်ခဲ့ဖူးတယ်လို့ တရုတ်ပြည် ပြင်ပမှာ အခြေစိုက်တဲ့ ဝီဂါ အဖွဲ့အစည်း တစ်ခုက ပြောပါတယ်။
ဝီဂါတွေရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို တရုတ် ခေါင်းဆောင်တွေက ဖျက်ဆီးနေကြတယ် လို့လည်း သူတို့က အပြစ်တင်ကြပါတယ်။
အချို့ကလည်း ဒီလို အခြေအနေတွေဟာ ရှင်ဂျန်း ပြည်နယ်မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေရဲ့ အကြောင်းခံ ဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။




