ရှင်ကျန် ရဲစခန်း တိုက်ခိုက်ဖို့ ကြံ

ဓာတ်ပုံ ရင်းမြစ်, AP
တရုတ် နိုင်ငံ အနောက်ပိုင်း ရှင်ကျန် ပြည်နယ် မှာတော့ ဖောက်ခွဲရေး ပစ္စည်းတွေ တင်ပြီး ရဲစခန်းကို ဝင်တိုက်တဲ့ ထရပ်ကား ပေါ်က လူ ၁၃ ယောက်ကို ရဲက ပစ်သတ် ခဲ့ကြောင်း ကြေညာ ခဲ့ပါတယ်။
ရဲ ၃ ယောက် ထိခိုက် ဒဏ်ရာ ရခဲ့တယ် လို့လဲ သိရပါတယ်။
ကနဦး သတင်း တွေ အရတော့ ဒီလို တိုက်ခိုက်ဖို့ အကြံအစည် မရှိဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့လဲ ဒီနှစ်ပိုင်း အတွင်း ရှင်ကျန် ပြည်နယ်မှာ တိုက်ခိုက်မှု တွေ များပြားလာမှု ကြောင့် မွတ်ဆလင် ဝီဂါ လူမျိုးစု တွေကို တရုတ် အာဏာပိုင် တွေက ပြစ်တင် ပြောဆို နေကြပါတယ်။
တကယ့်တကယ် ဒီလို ဆူပူမှုတွေ တိုးမြင့် လာတဲ့ အကြောင်းရင်းက တရုတ် အစိုးရရဲ့ ဖိနှိပ် အုပ်စိုးမှုကြောင့် လို့ပဲ ဝီဂါ အများစု က ယူဆ နေကြပါတယ်။




