ရှင်ဂျန်း ပြည်နယ်မှာ လူ ၉ ဦးကို သေဒဏ်ချ

ဓာတ်ပုံ ရင်းမြစ်, AP
တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ဂျန်း ပြည်နယ်မှာ အကြမ်းဖက်မှုနဲ့ ဆက်နွယ်နေတဲ့ ပြစ်မှုတွေ အတွက် လူ ၉ ယောက်ကို သေဒဏ် ချမှတ်လိုက်တယ်လို့ တရုတ် သတင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
လူ ၈၁ ယောက်ကို တရားရုံး ၆ ရုံးမှာ အဆင့်ဆင့် ကြားနာ စစ်ဆေးမှုတွေ ပြုလုပ်အပြီး အခုလို ပြစ်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
စွဲချက်တွေ ထဲမှာ လူသတ်မှုနဲ့ မီးရှို့မှုတို့လည်း ပါဝင်ပါတယ်။
အရပ်သားတွေကို တိုက်ခိုက်မှုတွေ ပိုတိုးလာတာနဲ့ ပတ်သက်လို့ တရုတ် အာဏာပိုင်တွေက ရှင်ဂျန်း ပြည်နယ်မှာ ရှိတဲ့ ဝီဂါ လူမျိုးတွေကို ပြစ်တင် ပြောဆိုပါတယ်။
ပြီးခဲ့တဲ့လက ရှင်ဂျန်း ပြည်နယ်ရဲ့ မြို့တော် အုရမ်ချိ Urumqi မြို့က စျေးတစ်ခုမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် လူ ၃၉ ယောက် သေဆုံးခဲ့ရပါတယ်။
ဝီဂါ အများစုကတော့ သူတို့ဟာ တရုတ် အစိုးရရဲ့ ဖိနှိပ်မှုကို ခံနေကြရတယ်လို့ ပြောပါတယ်။




