ရှပ်နီ ဆန္ဒပြ ခေါင်းဆောင်ကို ထိုင်းစစ်တပ် ဖမ်းဆီး

ထိုင်းနိုင်ငံမှာ ဆန္ဒပြခေါင်းဆောင် တစ်ယောက်ကို ထိုင်း စစ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ ပါတယ်။
ရှပ်နီ ခေါင်းဆောင် စုမ်ဘတ် ဘွန်းငမ်အနုမ်း Sombat Boonngamanong ကို အင်တာနက်ပေါ်မှာ သူရေးတင်တဲ့ သတင်းတွေနေ ထိုင်း စစ်အာဏာပိုင်တွေက ခြေရာခံ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
အင်တာနက်ပေါ်မှာ သတင်းတွေ တင်နေတဲ့ နေအိမ်ကို လုံခြုံရေး တပ်ဖွဲ့တွေက ဝင်ရောက် ရှာဖွေတဲ့အချိန်မှာ စုမ်ဘတ်ငမ်အနုမ်း ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
သူက လွန်ခဲ့တဲ့ နှစ်ပတ်က အာဏာသိမ်းခဲ့တဲ့ စစ်အာဏာပိုင်တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတစ်ခု လုပ်ဖို့ စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။
စုမ်ဘတ် က အာဏာပိုင်တွေဆီ သွားရောက် အဖမ်းခံဖို့ ငြင်းဆိုပြီး သူ့ကို ဖမ်းနိုင်ရင် ဖမ်းလို့ Facebook မှာ စိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။




