ယင်လတ်ကို ထိုင်း အဂတိမှု အေဂျင်စီ စစ်ဆေးမယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်းနိုင်ငံမှာ အာဏာသိမ်း စစ်အစိုးရ လက်အောက်မှာ ရှိတဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီက လယ်သမားတွေ ဆီက စပါး အပေါင်ခံတဲ့ အငြင်းပွားစရာ စီမံကိန်းနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်နဲ့ သူ့အစိုးရ အဖွဲ့ဝင် ၄ ယောက်ကို စုံစမ်း စစ်ဆေးမယ်လို့ ပြောပါတယ်။
မကြာသေးခင်က ဖြုတ်ချခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ယင်လတ်နဲ့ သူ့အရာရှိတွေ အနေနဲ့ အဲဒီ အစီအစဉ်အရ တကယ်ပဲ ကိုယ်ကျိုး စီးပွားတွေ ရယူခဲ့သလား ဆိုတာ သိရှိလိုတယ်လို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့အပြီး သီတင်း ၂ပတ် အကြာမှာ အခု ကြေညာချက်ကို ပြုလုပ်လာတာ ဖြစ်ပါတယ်။
လေ့လာသုံးသပ်သူ တချို့ကတော့ အခု စုံစမ်း စစ်ဆေးမှုဟာ ထိုင်းနိုင်ငံမှာ ရှင်နာဝပ် မိသားစုရဲ့ နိုင်ငံရေး သြဇာကို ဖယ်ရှားဖို့ ကြိုးစားမှု တစ်ရပ်လို့ မြင်ကြပါတယ်။




