ထိုင်းမှာ နေရာ ၃ခု ညမထွက်ရ အမိန့် ရုပ်သိမ်း

ဓာတ်ပုံ ရင်းမြစ်, AP
ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအတွက် အရေးပါတဲ့ ထင်ရှားတဲ့ နေရာ ၃ နေရာမှာ ညမထွက်ရ အမိန့် ရုပ်သိမ်းလိုက် ကြောင်း ထိုင်း အာဏာသိမ်း စစ်တပ်က ကြေညာလိုက်ပါတယ်။
ကော့ စမွိုင်၊ ပတ္တယားနဲ့ ဖူးခက် ဒေသ သုံးခုမှာ ခရီးသွား လုပ်ငန်းအတွက် မထိခိုက်အောင် ကန့်သတ်ချက် အမိန့်တွေ ရုပ်သိမ်းလိုက်တယ်လို့ ထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြို့တော် ဘန်ကောက် အပါအဝင် ကျန်တဲ့ နေရာတွေမှာတော့ ဒီအမိန့် ဆက်ရှိနေမှာ ဖြစ်ပါတယ်။




