ဘန်ကောက်မှာ ဆန္ဒမပြအောင် လုံခြုံရေးတိုးချ

စစ် အာဏာပိုင် တွေဟာ အားလုံးကို ထိန်းချုပ် ထားနိုင်ဖို့ ကြိုးပမ်း လုပ်ဆောင် လာနေ

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, စစ် အာဏာပိုင် တွေဟာ အားလုံးကို ထိန်းချုပ် ထားနိုင်ဖို့ ကြိုးပမ်း လုပ်ဆောင် လာနေ

ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာ သိမ်းတာကို ဆန့်ကျင်တဲ့ ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ပြုလုပ် မယ်လို့ ခြိမ်းခြောက် မှုတွေ ရှိနေ တာကြောင့် မြို့တော် ဘန်ကောက် တလွှား ထောင်နဲ့ချီတဲ့ ရဲနဲ့ စစ်သား တွေကို အာဏာပိုင် တွေက ချထား လိုက်ပါတယ်။

ဆန္ဒပြ အဖွဲ့ တွေဟာ တချို့ နယ်မြေ တွေထဲ ဝင်ရောက် နိုင်ခဲ့ ပေမယ့်လို့ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ထိပ်တိုက် တွေ့ခဲ့ကြတာ ကြောင့် ချက်ခြင်း ဆိုသလို လူစုကွဲ သွားကုန် ပါတယ်။

တချို့ မီးရထား ဘူတာရုံတွေနဲ့ ကုန်တိုက်တွေကို တော့ ပိတ်ထား ပါတယ်။

စစ်တပ် အာဏာသိမ်း ပြီးနောက် ဆန္ဒပြမှုတွေ ကြိုးကြား ကြိုးကြား ရက်နဲ့ချီကြာ ဖြစ်ပွား ခဲ့တဲ့ကြောင့် စစ် အာဏာပိုင် တွေဟာ အခုတော့ အားလုံးကို ထိန်းချုပ် ထားနိုင်ဖို့ ကြိုးပမ်း လုပ်ဆောင် လာနေတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယု ချိန်အိုချာ ကတော့ နိုင်ငံမှာ ပြိုင်ဘက် အုပ်စုတွေ အကြား နိုင်ငံရေး အရ ပြန်လည် တည်ငြိမ်လာ စေရေး အတွက် အချိန် ယူရ မယ်လို့ ပြောကြား လိုက်ပါတယ်။