ယူကရိန်း နယ်ခြားစောင့် ဌာန အတိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, AFP
ယူကရိန်း အရှေ့ပိုင်း လူဟန့်စ် မြို့အနီး နယ်ခြားစောင့် တပ်ဖွဲ့ ကွပ်ကဲရေး ဌာန တစ်ခုကို ရာနဲ့ချီတဲ့ လက်နက်ကိုင် စစ်သွေးကြွတွေက အပြင်းအထန် တိုက်ခိုက်ခဲ့ကြတယ်လို့ ယူကရိန်း နယ်ခြား ဌာနက ပြောပါတယ်။
ဒီလက်နက်ကိုင်တွေဟာ မောင်းပြန် သေနတ်တွေ၊ မော်တာတွေ သုံးပြီး အကြီးအကျယ် ဝင်တိုက်ခဲ့တာကြောင့် နယ်ခြားစောင့် တပ်ဖွဲ့ ၇ ဦး ဒဏ်ရာ ရရှိသွားတယ်လို့ အရာရှိတွေက ပြောပါတယ်။
လက်နက်ကိုင် စစ်သွေးကြွတွေ ဘက်က ၅ ဦး သေဆုံးသွားတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။
ယူကရိန် နယ်စပ်ရေးရာ ဌာန အကြီးအကဲ ကတော့ သူတို့ တပ်ဖွဲ့တွေဟာ ရုရှားဘက်ကနေ နယ်ခြား ဖြတ်ကျော် ဝင်ရောက်တဲ့ စစ်သွေးကြွတွေနဲ့ နေ့စဉ် တိုက်ခိုက်မှုတွေ ဖြစ်နေတာလို့ ပြောပါတယ်။




