ယူကရိန်း အရှေ့ခြမ်း တပ်သား အကျအဆုံးများ

ယူကရိန်းတပ်ဖွဲ့ တိုက်ခိုက်ခံရမှုတစ်ခု မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ယူကရိန်းတပ်ဖွဲ့ တိုက်ခိုက်ခံရမှုတစ်ခု မြင်ကွင်း

ယူကရိန်း အရှေ့ခြမ်း ဒွန်းညက်စ် ဒေသက ရုရှ လိုလားတဲ့ ခွဲထွက်ရေး သမားတွေနဲ့ အစိုးရ တပ်တွေ တိုက်ပွဲမှာ တပ်သား အကျအဆုံး များခဲ့ပါတယ်။

အနည်းဆုံး စစ်သား ၁၅ ယောက် သေဆုံးပြီး ၃ဝ ကျော် ဒဏ်ရာရကြောင်း ယူကရိန်း တပ်က ဗိုလ်မှူး တစ်ယောက်က ပြောကြား ပါတယ်။

လူဟန့်စ်ခ် နယ်မြေက တိုက်ပွဲမှာလည်း စစ်သား တစ်ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

မကြာခင် ကျင်းပတော့မယ့် သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် ၃ ရက် အလိုမှာ ဒီပစ်ခတ်မှုတွေ ပြန်လည် ဖြစ်ပွား လာတာပါ ။

ရွေးကောက်ပွဲကြောင့် တင်းမာမှု တချို့ လျော့ပါးသွားမယ်လို့ ယူကရိန်း အစိုးရက မျှော်လင့် နေပေမယ့်လည်း ယူကရိန်း အရှေ့ခြမ်း တချို့ နေရာတွေမှာ မဲပေးလို့ မရနိုင်လောက်ဘူး လို့ ဝန်ခံ ပြောကြား ခဲ့ပါတယ်။