ရုရှားတပ်တွေ ရုပ်သိမ်းမှာလား

putin_ukraine

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး၊ ရုရှသမ္မတ ပူတင် အပေါ် ဆန့်ကျင်နေပုံ

ယူကရိန်း အရှေ့ဘက် နယ်စပ်တွေ အနီး တပ်စွဲထားတဲ့ ရုရှားတပ်တွေ ရုပ်သိမ်းဖို့ ထုတ်ပြန်ခဲ့တဲ့ ရုရှသမ္မတ ပူတင်ရဲ့ အမိန့်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်း ကို လှည့်ဖျားဖို့ ကြိုးစားမှု တစ်ရပ် ဆိုပြီး ယူကရိန်း ရဲ့ အမျိုးသား လုံခြုံရေး ကောင်စီ အကြီးအကဲ Andriy Parubiy က ပြောကြား လိုက်ပါတယ်။

ရုရှသမ္မတ ပူတင် ရဲ့ ဒီ ရုပ်သိမ်းမိန့်ဟာ အချိန်ဆွဲ ဖို့ ကြိုးစားမှု တစ်ရပ် အဖြစ် ယူကရိန်း သတင်းဌာန Interfax ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရနဲ့ နေတိုး အဖွဲ့ကလည်း ယူကရိန်း အရှေ့ဘက်ခြမ်း နယ်စပ်တွေမှာ ရုရှားတပ်တွေ ဆုတ်ခွာသွား တဲ့ ဘယ်လို သက်သေ အထောက်အထားမှ မတွေ့ရသေးဘူး လို့ ပြောပါတယ်။

ယူကရိန်းအရေး မှာ တင်းမာမှုတွေ လျှော့ချနိုင်ဖို့ အတွက်၊ ရုရှားစစ်တပ် အပေါ် အမေရိကန် အနေနဲ့ ပြတ်ပြတ်သားသား တောင်းဆိုထားခဲ့ပြီး၊တကယ် တပ်တွေ ရုတ်သိမ်းပေးတယ် ဆိုရင် ကြိုဆိုရမယ့် ကိစ္စ ဖြစ်ပေမယ့် အခု အချိန်ထိ ရုရှတပ်တွေ ရုပ်သိမ်းတယ် ဆိုတဲ့ အချက်ကို ညွှန်ပြနေတဲ့ ဘယ်လို အထောက်အထားမှ မရှိသေးပါဘူးလို့ အမေရိကန် အိမ်ဖြူတော်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Jay Carney က ပြောပါတယ်။

၁၉ ရက် မေလ တနင်္လာနေ့ အစောပိုင်းက ယူကရိန်း နယ်စပ်တွေ အနီးက ရုရှားတပ်တွေ ကိုယ့် မူလ အခြေစိုက် စခန်းတွေဆီ ပြန်ဖို့ ရုရှား အစိုးရက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့အပြီး အခုလို သဘောထား မှတ်ချက် တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။