မြောက်ကိုရီယား ရာထူး အပြောင်းအရွှေ့

ဓာတ်ပုံ ရင်းမြစ်, AP
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအမ်း ဟာ၊ ထိပ်သီး ခေါင်းဆောင် အမြောက်အများ ကို ရာထူးက ဖယ်ရှားမှု တွေ ဆက်တိုက် လုပ်ဆောင် နေခဲ့တာ မှာ၊ အခု သူပြီးရင် အာဏာ အရှိဆုံး လို့ အများက ရှုမြင် ထားကြ တဲ့ ဒုတိယ ဗိုလ်ချူပ်ကြီး ချိုယောင်ဟေး ကို ရာထူးက ထုတ်ပယ် ပစ်လိုက် ပါတယ်။
မနှစ်ကလည်း အဲဒီ့လို သူပြီးရင် ဒုတိယ လို့ ယူဆ ထားကြ တဲ့ ဦးလေး တော်စပ်သူကို ပါ ကွပ်မျက်ခဲ့ ပါသေးတယ်။
အခု မြောက် ကိုရီးယား ရဲ့ နိုင်ငံပိုင် မီဒီယာကနေ၊ Hwang Pyong-soo ဆိုသူ ဟာ၊ စစ်တပ်ရဲ့ နိုင်ငံရေးဗျူရို အကြီးအကဲ အသစ် အဖြစ် ဆက်ခံလာတယ် လို့ ဖော်ပြနေပါ တယ်။
အဲဒီ့သူဟာ အရင်က အလုပ်သမားပါတီရဲ့ မထင်ရှားတဲ့ ခေါင်းဆောင်ငယ် တစ်ဦးဖြစ် ပြီး၊ စစ်ရာထူးတွေ ကို အလွန်လျင်မြန် စွာ ကျော်ဖြတ်ပြီး ရာထူး တက်လာခဲ့တာ ဖြစ်ပါတယ်။




