နယ်စပ်အနီး မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်

ဓာတ်ပုံ ရင်းမြစ်, AFP
တောင်နဲ့ မြောက် ကိုရီးယား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ပင်လယ် ရေပိုင်နက် အနီးမှာ မြောက်ကိုရီးယား ဘက်က ကျည်ဆန် အစစ်တွေနဲ့ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လကလည်း အခုလို ပြုံယမ်းရဲ့ စစ်ရေး လေ့ကျင့်မှုတွေကြောင့် တဖက်နဲ့တဖက် နှစ်နိုင်ငံ နယ်စည်းကို ကျော်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ခုအကြိမ်မှာတော့ မြောက်ကိုရီးဘက်က ကျည်ဆန် တောင်ကိုရီးယား ရေပိုင်နက်ထဲကို ကျမလာလို့ ပြန်လည် ပစ်ခတ်ခဲ့ခြင်း မရှိဘူးလို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
မြောက်ကိုရီးယားဟာ ၁၀ မိနစ်အတွင်းမှာ အမြောက်နဲ့ အချက် ၅၀ ပစ်ခတ် လေ့ကျင့်ခဲ့တယ်လို့ တောင်ကိုရီးယားဘက်က ပြောပါတယ်။
အရင်လကတော့ မြောက်ကိုရီးယား ဘက်က အမြောက်ဆံ ၁၀၀ လောက် တောင်ကိုရီးယား ရေပိုင်နက်ထဲကို ကျရောက်ခဲ့တာ ဖြစ်ပါတယ်။




