တောင်နဲ့ မြောက်ကိုရီးယား အပြန်အလှန် ပစ်ခတ်

တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံဟာ သူတို့ရဲ့ ရေပြင် နယ်နမိတ်တွေကို ကျော်ဖြတ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။
မြောက်ကိုရီးယားတို့ စစ်ရေး လေ့ကျင့်ရာက ဗုံးဆန်တွေ တောင်ကိုရီးယား ရေပိုင်နက်ထဲ ကျရောက်ခဲ့ရာကနေ အခုလို အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ် ခဲ့တာလို့ တောင်ကိုရီးယား ဘက်က ဆိုပါတယ်။
သူတို့ ရေပိုင်နက်ထဲကို ဗုံးဆန်တွေ ကျရောက် လာလို့ သူတို့လည်း တစ်ဘက်ကို ပြန်လည် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
အခင်းဖြစ်ပွားရာ နယ်နိမိတ် စည်းအနီးအနားမှာ နေထိုင်တဲ့ လူတွေကို သတိ တင်ကြို ထားတဲ့ အနေနဲ့ ဗုံးခိုကျင်းတွေထဲ သွားနေဖို့ တောင်ကိုရီးယား အာဏာပိုင်တွေက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီ နယ်နိမိတ် အပိုင်းအခြားကို မြောက်ကိုရီးယားက အသိအမှတ် ပြုထားခြင်း မရှိဘဲ အဲဒီ နယ်စည်း အနီး အခုလို ဖြစ်ရပ်တွေ မကြာခဏ ဖြစ်ပေါ်လေ့ ရှိပါတယ်။




