ကျွန်း ပိုင်ဆိုင်မှု တရုတ်ကို အိုဘားမား သတိပေး

ဓာတ်ပုံ ရင်းမြစ်, AP
အရှေ့ တရုတ် ပင်လယ်ထဲက ဂျပန်တို့ အုပ်ချုပ်ထားတဲ့ ကျွန်းစုကို အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဂျပန် စစ်တပ်က အကာအကွယ် ပေးနေတာလို့ အမေရိကန် သမ္မတ အိုဘားမားက တရုတ်ကို သတိပေးလိုက်ပါတယ်။
ဂျပန်ကို လာခဲ့တဲ့ သူ့ခရီးစဉ် ဒုတိယနေ့မှာ အမေရိကန်ရဲ့ ရပ်တည်မှုကို နောက်ထပ် ပြောလိုက်တာပါ။
တရုတ်နဲ့ ဂျပန် ၂နိုင်ငံ အကြား သူပိုင် ကိုယ်ပိုင် အငြင်းပွားနေတဲ့ အဲဒီ ကျွန်းစု အနီးကို တရုတ် သင်္ဘောတွေ ကပ်လာလေ့ရှိပြီး အဲဒီကျွန်းတွေအပေါ် ဂျပန်ရဲ့ ထိန်းချုပ်မှုကို တရုတ်က မကြာခဏ စိန်ခေါ်လေ့ရှိပါတယ်။
ဒါ့အပြင် တရုတ် နိုင်ငံခြားရေး ဌာနကလည်း အဲဒီ ကျွန်းစုကို သူတို့ ပိုင်တာလို့ ထပ်ပြောထားပါတယ်။




