အိုဘားမားရဲ့ အာရှ ခရီးစဉ်

ဓာတ်ပုံ ရင်းမြစ်, AP
အမေရိကန် သမ္မတ အိုဘားမားဟာ၊ ဂျပန်၊ မလေးရှားနဲ့ တောင်ကိုရီးယား နိုင်ငံတွေကို သွားရောက်မှာ ဖြစ်တဲ့၊ သူ့ရဲ့ သီတင်း တစ်ပတ်ကြာ အာရှ ခရီးစဉ်ကို၊ ဒီကနေ့ စတင်မှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်း၊ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းခြင်းရာတွေ အပေါ်မှာပဲ၊ အာရုံစိုက်လိမ့်မယ်လို့၊ အိမ်ဖြူတော်က ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်၊ မြောက်ကိုရီးယားရဲ့ နြူကလီယား စမ်းသပ်ကွင်းမှာ၊ လှုပ်ရှားမှုတွေ၊ တိုးမြင့်နေတယ်ဆိုတဲ့ သတင်းတွေ၊ ထွက်ပေါ်နေချိန် ဖြစ်တာမို့၊ ဒေသတွင်း လုံခြုံရေး ဆိုင်ရာ ကိစ္စတွေဟာလည်း၊ ဒီခရီးစဉ်အတွင်း ဆွေးနွေးမယ့် အကြောင်းအရာတွေ ထဲ အတော် လွှမ်းမိုး နေနိုင်ပါတယ် ဆိုပြီး၊ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
မစ္စတာ အိုဘားမားဟာ၊ အမေရိကန် သမ္မတ လက်ရှိရာထူးနဲ့၊ အနှစ် ၅၀ အတွင်း၊ မလေးရှားကို သွားရောက်တဲ့၊ ပထမဆုံး ပုဂ္ဂိုလ်၊ ဖြစ်လာမှာပါ။
ဂျပန်နိုင်ငံကိုလည်း၊ ၁၉၉၆ ခုနှစ်က၊ သမ္မတ ကလင်တန် သွားခဲ့အပြီး၊ အခုတခါ ပထမဆုံး အနေနဲ့ အမေရိကန် သမ္မတက၊ သွားရောက်မှာ ဖြစ်ပါတယ်။




