အာဖဂန် သမ္မတ ရွေးပွဲအတွက် မဲဆွယ်ပွဲ နောက်ဆုံးနေ့

သမ္မတ နေရာအတွက် မဲဆွယ်နေတဲ့ Zalmay Rassoul

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, သမ္မတ နေရာအတွက် မဲဆွယ်နေတဲ့ Zalmay Rassoul

လာမယ့် စနေနေ့မှာ အာဖဂန်နစ္စတန် ရဲ့ သမ္မတ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ မဲဆွယ်ပွဲ နောက်ဆုံးနေ့ အနေနဲ့ သမ္မတလောင်းတွေ မဲဆွယ်နေပါတယ်။

ရှေ့ဆုံးက နာမည်ကြီးနေတဲ့ သမ္မတလောင်း ၃ ယောက် ရှိနေပြီး သူတို့ ကတော့ အရင် ဘဏ္ဍာရေး ဝန်ကြီးဟောင်း Ashraf Ghani၊ အရင် နိုင်ငံခြားရေး ဝန်ကြီးတွေ ဖြစ်ကြတဲ့ Zalmay Rassoul နဲ့ Abdullah Abdullah တို့ ဖြစ်ပါတယ်။။

လက်ရှိ သမ္မတ ခါဇိုင်း ကတော့ ဖွဲ့စည်းပုံ စည်းမျဉ်း အရ နောက်တစ်ကြိမ် သမ္မတ သက်တမ်း အတွက် ဝင်ပြီး အရွေးခံလို့ မရတော့ပါဘူး။