ကာဘူးလ် ဟိုတယ်ကို တာလီဘန် တိုက်ခိုက်၊ ၉ ဦးသေ

ဓာတ်ပုံ ရင်းမြစ်, AP
အာဖဂန် နစ္စတန် နိုင်ငံ ကာဘူးလ် မြို့တော်က ဇိမ်ခံ ဟိုတယ်ကြီး တစ်ခုကို ကြာသပတေး နေ့ညက သေနတ်သမားတွေ တိုက်ခိုက်ခဲ့တဲ့ အတွက် လူ ၉ ယောက် သေဆုံးခဲ့တယ်လို့ အာဖဂန် အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အာဖဂန် ကလေးငယ် ၂ ယောက်နဲ့ နိုင်ငံခြားသား ၄ ယောက် ပါဝင်ပါတယ်။
ပစ္စတို သေနတ်တွေ ကိုင်လာကြတဲ့ လူငယ် ၄ ယောက်က ထမင်းစား ခန်းမထဲမှာ သေနတ်တွေနဲ့ ဝင်ပစ်ခတ်ခဲ့တာပါ။
နောက်ဆုံးမှာ အာဖဂန် လုံခြုံရေးတွေက တိုက်ခိုက်သူတွေကို ပစ်သတ်ခဲ့ကြပါတယ်။
ဒီတိုက်ခိုက်မှုကို တာလီဘန်တို့က သူတို့ လုပ်တာလို့ ပြောပါတယ်။
အာဖဂန် အစိုးရ ကတော့ လတ်တလော တာလီဘန်တို့ရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ပါကစ္စတန်ကို အပြစ်တင်ပါတယ်။




