လူမဲ့လေယာဉ် မှားပစ်၊ အာဖဂန်စစ်သား ၉ ဦး သေ

ဓာတ်ပုံ ရင်းမြစ်, Getty
အာဖဂန်နစ္စတန် နိုင်ငံမှာ မောင်းသူမဲ့ လေယာဉ် ဒရုန်းကနေ မှားယွင်း ပစ်ခတ်ခဲ့လို့ အာဖဂန် စစ်သား ၉ ဦး သေဆုံးခဲ့ပြီး တချို့ ဒဏ်ရာရခဲ့ တယ်လို့ အာဖဂန် အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
ဒီလို မှားယွင်းခဲ့တာအပေါ် နေတိုးကနေ သေဆုံးသူ တွေရဲ့ မိသားစုတွေထံကို ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပို့ခဲ့ပြီး စုံစမ်း စစ်ဆေးမှုတွေလည်း ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
အာဖဂန် သမ္မတ ဟာမစ်ကာဇိုင်းဟာ နိုင်ငံတကာ တပ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးရတဲ့ ဖြစ်ရပ်တွေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်နေသူ တစ်ဦး ဖြစ်ပါတယ်။
ဒီနှစ်အကုန် နေတိုး ဦးဆောင်တဲ့ စစ်ဆင်ရေးတွေ ပြီးဆုံးတဲ့အခါ အမေရိကန်တပ်တွေ အင်အား အကန့်အသတ်နဲ့ အာဖဂန်နစ္စတန်မှာ ဆက်လက် တပ်စွဲခွင့် ပေးဖို့ အမေရိကန်နဲ့ လုံခြုံရေးအရ သဘောတူ စာချုပ်ချုပ်ဖို့ကို မစ္စတာ ကာဇိုင်းက ငြင်းဆိုထားပါတယ်။




