ထိုင်း ရွေးကောက်ပွဲ ပြင်ဆင်မှု ဆန္ဒပြသူတွေ ပိတ်ဆို့

ဓာတ်ပုံ ရင်းမြစ်, AP
တနင်္ဂနွေနေ့မှာ ကျင်းပဖို့ ထိုင်း အစိုးရက စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို တားဆီးဖို့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ သူတွေဟာ အဆောက် အဦးတွေကို စတင် ပိတ်ဆို့မှုတွေ ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။
မဲရုံတွေဆီ မဲပြားတွေ မပို့နိုင်အောင် ဘန်ကောက်မြို့နဲ့ နိုင်ငံတောင်ပိုင်းက ရုံးအတော်များများ ရှေ့မှာ ဆန့်ကျင်သူတွေက ဝိုင်းထားကြတာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေက ရွေးကောက်ပွဲ မလုပ်မီ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး စနစ်ကို အရင်ပြင်ဆင်ပြီးမှသာ ရွေးကောက်ပွဲကို လုပ်စေချင်နေကြတာကြောင့် အခုလို ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။
သတင်းထောက်တွေရဲ့ အကဲဖြတ်ချက်အရကတော့ လက်ရှိ အာဏာရ ပါတီကပဲ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ကျိန်းသေနေပြီး ထောက်ခံမဲပေးသူ များခဲ့မယ်ဆိုရင် အတိုက်အခံတွေက သပိတ်မှောက်နေပေမယ့် အစိုးရအနေနဲ့ ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြုဖို့ အခိုင်အမာ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။




