ဆီးရီးယားနဲ့ လက်ဘနွန် နယ်စပ်မြို့ ရော့ကတ်ထိမှန်

ဓာတ်ပုံ ရင်းမြစ်, AP
ဆီးရီးယား နယ်စပ်ကနေ ရော့ကက် လောင်ချာ တွေနဲ့ အာဆယ်လ် မြို့ကို ပစ်ခတ် တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၇ ဦး သေဆုံးသွားတယ်လို့ လက်ဘနွန်က လာတဲ့ သတင်းတွေအရ သိရပါတယ်။
ဒါဟာ ဆီးရီးယား ဘက်ကနေ ပစ်ခတ်တဲ့ ရော့က်တွေ ဖြစ်တယ်လို့ လက်ဘနွန် စစ်တပ်ကနေ ပြောပါတယ်။
အာဆယ်လ် မြို့တော်ဝန်ကတော့ ဒါဟာ ဟက်ဇ်ဘိုလာ စစ်သွေးကြွ အုပ်စု ထိန်းချုပ်ထားတဲ့ လက်ဘနွန် နယ်မြေထဲကနေ ပစ်ခတ်တာ ဖြစ်တယ်လို့ ပြောပါတယ်။
ဘက်ကာ တောင်ကြားဒေသမှာ ရှိတဲ့ ဒီ အာဆယ်လ် မြို့မှာ ဆီးရီးယား ဒုက္ခသည် ထောင်နဲ့ချီပြီး ရှိနေကြတာ ဖြစ်ပါတယ်။




