ဆီးရီးယား အစိုးရ အပစ်ရပ်ဖို့ ပြင်ဆင်နေ

ဓာတ်ပုံ ရင်းမြစ်, AP
ဆီးရီးယား အစိုးရကနေ သူပုန်တွေနဲ့ အပစ်အခတ် ရပ်စဲရေးအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ပြောကြားလိုက်ပြီး ဒီကိစ္စ အကောင် အထည် ဖော်ဖို့အတွက် ရုရှားကို အကူအညီ တောင်းထားတယ်လို့ ပြောပါတယ်။
ဆီးရီးယားက အကြီးဆုံးမြို့ ဖြစ်တဲ့ အလက်ပိုမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ အတွက် အစီအစဉ်တွေ လုပ်ဖို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂီ လက်ရို့ဖ်ကို ပြောထားကြောင်း မော်စကိုကို ရောက်ရှိနေတဲ့ ဆီးရီးယား နိုင်ငံခြားရေး ၀န်ကြီး ဝါလစ် အဲလ် မူလန်မ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
အခုလို ဆီးရီးယား အစိုးရရဲ့ ပြောဆိုချက်ဟာ ဒါ ပထမဆုံး ခြေလှမ်းတခု အဖြစ် တွေ့မြင်ရတာ ဖြစ်ပါတယ်။
နောက်ပြီး ထောင်ထဲမှာ ရှိတဲ့ အကျဉ်းသားတွေနဲ့ သေနတ်သမားတွေဘက်က ဖမ်းဆီး ထားတဲ့ အစိုးရလူတွေကြား အလဲအလှယ်ပြုရေးကိုလည်း သူ့အစိုးရ အနေနဲ့ အခြေခံအားဖြင့် သဘောတူ ထားပြီလို့ မစ္စတာ အဲလ်မူလန်က ပြောပါတယ်။




