ဆွေးနွေးပွဲ တက်ဖို့ ဆီးရီးယား အတိုက်အခံတွေ ဖိအားပေးခံနေရ

လာမယ့် သီတင်းပတ်မှာ ဂျီနီဗာမြို့မှာ ကျင်းပမယ့် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆီးရီးယား အမျိုးသား ညွန့်ပေါင်း အတိုက်အခံအဖွဲ့ မတက်ရောက်ဘူး ဆိုရင် သူတို့အဖွဲ့အပေါ် ထောက်ခံ အားပေးနေမှု တွေကို အမေရိကန်နဲ့ ဗြိတိန် နိုင်ငံတွေက ပြန်စဉ်းစားရလိမ့်မယ်လို့ သတိပေးထားကြောင်း ဆီးရီယား အတိုက်အခံ ထိပ်တန်း အဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒီဆွေးနွေးပွဲ တက်ဖို့ မတက်ဖို့ ကိစ္စ အခုလာမယ့် သောကြာနေ့မှာ မဲခွဲ ဆုံးဖြတ်ကြမယ့် ဆီးရီးယား အမျိုးသား ညွန့်ပေါင်း အတိုက်အခံအဖွဲ့ အပေါ် ကန့်လန့်ကာ နောက်ကွယ်မှာ ဖိအားပေးမှုတွေ ဘယ်လောက် ရှိနေသလဲ ဆိုတာ ဒီပြောဆိုချက်က ဖေါ်ပြနေပုံ ရပါတယ်။
တကယ်လို့ ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဆီးရီးယား အမျိုးသား ညွန့်ပေါင်း အတိုက်အခံအဖွဲ့ ဝင်မပါဘူး ဆိုရင်တော့ ဆီးရီးယား ပဋိပက္ခကို သံတမန်ရေးနဲ့ ဖြေရှင်းဖို့ နည်းလမ်း ပျက်ပြားသွားမှာ ဖြစ်တယ်လို့ သံတမန်ရေး ဆိုင်ရာ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။




