Person of the Year ပုပ်ရဟန်းမင်းကိုရွေး

pope
ဓာတ်ပုံ ပုံစာ, ကျော်စော တိက္ကမ မမက်တဲ့ ရဟန်းမင်းကြီး

ရာထူး သက်တမ်း ၉ လ ပဲ ရှိသေးတဲ့ ရောမ ကက်သလစ် ကျောင်းတော်ရဲ့ ပုပ်ရဟန်း မင်းကြီး ဖရန်ဆစ် ကို အမေရိကန် တိုင်း သတင်း မဂ္ဂဇင်း ကြီး က ဒီနှစ် အတွက် ပုဂ္ဂိုလ်ကြီး အဖြစ် ရွေးချယ် လိုက်ပါတယ်။

ရဟန်းမင်းကြီးဟာ ပုဂ္ဂိုလ်ရေး အောင်မြင် ကျော်ကြားမှု ကို မမက်မော ပေမယ့် သူ့ သာသနာရေး ဆောင်ရွက်ချက် တွေကို ဒီလို အားပေး အသိအမှတ်ပြုလို့ ပိုအားရှိစရာ ဖြစ်တယ်လို့ ရဟန်းမင်းကြီးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ဒီလို မြန်မြန်ဆန်ဆန် အာရုံစိုက် ခံရတဲ့ ပုဂ္ဂိုလ်မျိုး ပေါ်ခဲကြောင်း တိုင်း မဂ္ဂဇင်း စီမံခန့်ခွဲမှု အယ်ဒီတာကလည်း ဆိုပါတယ်။

ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ ဆင်းရဲ ချမ်းသာ ကွာဟမှု ၊ ကမ္ဘာပြုမှု ဖြစ်စဉ် တွေနဲ့ တခြား အရေးကြီး ကိစ္စတွေ အလယ်မှာ သူ့ကိုယ်သူ မြှုပ်နှံ ထားသူ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

နုတ်ထွက်သွားတဲ့ ပုပ်ရဟန်းမင်း ဘင်နီဒစ် နေရာမှာ မတ်လကမှ အရွေးခံရတဲ့ ဒီရဟန်းမင်းကြီးဟာ အမေရိက တိုက်က ပထမဆုံး အရွေးခံရတဲ့ ရဟန်းမင်းကြီး ဖြစ်ပါတယ်။