မန်ယူ နည်းပြ လူးဝစ် ဗန်ဟား ထုတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Reuters
မန်ချက်စတာ ယူနိုက်တက် အသင်းက နည်းပြ လူးဝစ် ဗန်ဟား ကို ထုတ်ပယ် လိုက်ပါတယ်။
နည်းပြ လူးဝစ် ဗန်ဟား အနေနဲ့ ၂ နှစ် အတွင်း ဆု ဖလား တစ်ခု ရယူ ပေး နိုင်ခဲ့ပေမယ့် အသင်းရဲ့ ကစားပုံကို တိုးတက်အောင် မလုပ်ဆောင် နိုင်ခဲ့ဘူးလို့ ပြောပါတယ်။
ချယ်လ်ဆီး က အထုတ်ပယ်ခံ ခဲ့ရတဲ့ မော်ရင်ညိုကို နည်းပြ အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီး၊ မေလ ၂၄ ရက်နေ့မှာ မော်ရင်ညိုရဲ့ အေးဂျင့် ဖြစ်သူနဲ့ အပြီးသတ် စာချုပ်ချုပ်ဆိုမှာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ် နေပါတယ်။
နည်းပြ အသစ် ကို ကစားသမား အသစ်တွေ ဝယ်ယူဖို့ အတွက် ပေါင် သန်း ၂၀၀ အသုံးပြုခွင့်ပေးမယ်လို့ အသင်းဘုတ် အဖွဲ့က ပြောကြားနေပါတယ်။
မော်ရင်ညိုဟာ မန်ယူ အတွက် အသင့်တော် ဆုံး နည်းပြ ဖြစ်ကြောင်း ကစားသမားဟောင်း ဂယ်ရီ နဗီးလ် က ပြောကြား ခဲ့ပါတယ်။




