ဂျာမန် ဘောလုံးအဖွဲ့ချုပ်ကို ရဲတွေ ဝင်ရှာ

ဓာတ်ပုံ ရင်းမြစ်, AFP
ဂျာမနီ နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲနဲ့ ဆက်စပ်ပြီး အခွန် တိမ်းရှောင်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ အတွက် ဖရန့်ဖွတ် မြို့မှာ ရှိတဲ့ ဂျာမန် ဘောလုံး အဖွဲ့ချုပ် (DFB) ရုံးခန်းတွေကို ရဲတွေက ဝင်ရောက် စီးနင်း ရှာဖွေ ခဲ့ကြပါတယ်။
ကွန်ပျူတာတွေ၊ စာရွက်စာတမ်းတွေကို ရဲအရာရှိတွေကို ယူဆောင် သွားခဲ့ကြပါတယ်။
ဂျာမန် အစိုးရ ရှေ့နေတွေရဲ့ ထုတ်ပြန်ချက် မှာတော့ ဂျာမန် ဘောလုံး အဖွဲ့ချုပ်ကနေ ဖီဖာ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဆီကို လွှဲပေးခဲ့တဲ့ ယူရိုငွေ ၆.၇ သန်းအတွက် စုံစမ်း စစ်ဆေးနေတာ ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။
အဲဒီ ငွေတွေဟာ ၂၀၀၆ ကမ္ဘာ့ဖလား အိမ်ရှင် ဖြစ်ခွင့်ရဖို့အတွက် သုံးခဲ့တဲ့ ငွေတွေ ဖြစ်တယ်လို့ စွပ်စွဲချက်တွေ ရှိနေပြီး ဂျာမန် ဘောလုံး အဖွဲ့ချုပ်ကတော့ ဒါကို ငြင်းဆို ထားပါတယ်။
ဂျာမန် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းနဲ့ လက်ရှိ ဥက္ကဋ္ဌ တို့ရဲ့ နေအိမ်တွေကိုလည်း ရဲတွေက စီးနင်း ရှာဖွေ ခဲ့ကြပါတယ်။




