
ဒီမီဒီယာကို ဖွင့်၍မရပါ

ဘီယွန်းဆေးက ဆု ၆ ဆုနဲ့ ဆုအများဆုံးဆွတ်ခူး
ဒီတပတ် Mobi-Geno အစီအစဉ်မှာတော့ အမေရိကန်ပြည် ထောင်စု ကာလီဖိုးနီးယား ပြည်နယ်မှာ ကျင်းပပြီးစီးသွားတဲ့ ဂရမ်မီဆုပေးပွဲနဲ့ ဆုရသီချင်းတွေအကြောင်း မြန်မာနိုင်ငံက အဆိုတော်တွေနဲ့ မေးထားတာဖြစ်ပါတယ်။
ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်၊ ဟစ်ပ်ဟော့အဆိုတော် ဂျေးမီ၊ ပေါ့ပ်အဆိုတော် သီရိဆွေတို့နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

ထူးထူးဆန်းဆန်းဖက်ရှင်တွေ ဝတ်တတ်တဲ့ Lady Gaga က ဆုနှစ်ဆု
၂ဝ၁ဝ ဂရမ်မီ ဆုပေးပွဲကို ဇန္နဝါရီလ ၃၁ရက် California ပြည်နယ် Los Angelese မြို့မှာ ကျင်းပခဲ့ပါတယ် ။
ဂီတပေါ်မှာ အခြေခံပြီး ဆုအမျိုးအစားပေါင်း ၁ဝဝ ကျော် ပေးရာမှာ မြန်မာ ပရိတ်သတ်တွေ သိကြတဲ့ အဆိုတော်တွေနဲ့ သူတို့ရဲ့ သီချင်းတွေလည်း အများအပြား ဆုရသွားပါတယ် ။
ဆုအများဆုံး ဆွတ်ခူးသွားသူတွေကတော့ Pop နဲ့ R 'N' B အဆိုတော် Beyonce က ဆု ၆ဆု ၊ Country အဆိုတော် Taylor Swift က လေးဆု ၊ Black Eyed Peas ၊ Kings of Leon ၊ Jay Z တို့က သုံးဆုစီနဲ့ Lady Gaga ၊ Eminem တို့က နှစ်ဆုဆီ ဆွတ်ခူးခဲ့ပါတယ် ။

ပေါ့အဆိုတော် ပင့်ခ် ရဲ့ ဖျော်ဖြေ တင်ဆက်မှု ကတော့ အံမခန်းပါပဲ
မြန်မာ အဆိုတော် ၄ ဦးလည်း ပထမဆုံးအကြိမ်အဖြစ် ဒီဆုပေးပွဲကို တက်ရောက်ခွင့် ရခဲ့ကြပါတယ် ။
မြန်မာ အဆိုတော်တွေ ဒီဆုပေးပွဲ တက်ခွင့်ရအောင် လုပ်ဆောင် ပေးခဲ့သူကတော့ iLoveMyanmar ပရဟိတ အဖွဲ့က မလီယ်ဗီ ဖြစ်ပါတယ် ။
ဟောလီးဝုဒ် မိတ်ဆွေ တွေက တဆင့် လက်မှတ်တွေ ရထားတဲ့ မလီယ်ဗီက မြန်မာပြည် နာဂစ် မုန်တိုင်း ဘေးသင့် သူတွေကို ကူညီရင်း ခင်မင်ခဲ့ရတဲ့ ဒီအဆိုတော် တွေကို ဖိတ်ခေါ် ခဲ့တာပါ ။
ဂရမ်မီဆုပေးပွဲတက်ခဲ့တဲ့ အဆိုတော်တွေကို Mobi-Geno အစီအစဉ်အတွက် ကိုမိုးမြင့်က ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။