ရခိုင် စစ်ဘေး ဒုက္ခသည်တွေ ရိက္ခာ အခက်ကြုံ

ဓာတ်ပုံ ရင်းမြစ်, epa
ရခိုင် ပြည်နယ် ထဲမှာ အစိုးရ စစ်တပ်နဲ့ ရခိုင် လက်နက်ကိုင် AA အဖွဲ့ တို့ကြား ဖြစ်ပေါ် ခဲ့တဲ့ တိုက်ပွဲတွေ ကြောင့် ထွက်ပြေး တိမ်းရှောင် ခဲ့ကြ ရတဲ့ ဒုက္ခသည် တွေ ဟာ အခု အချိန် ထိအောင် နေရပ် ရင်း မပြန် နိုင်ပဲ ဒုက္ခသည် စခန်း တွေ မှာ တစ်နှစ်ခွဲ နီးပါး သောင်တင် နေကြ ရပြီး၊ စားနပ် ရိက္ခာ အခက်အခဲ တွေလည်း တွေ့ကြုံ နေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ပုဏ္စားကျွန်း မြို့နယ် ထဲ က ဒုက္ခသည် စခန်း နှစ်ခု မှာ ရိက္ခာ ပြတ်လပ် နေသလို၊ ကျောက်တော် မြို့နယ်ထဲက စခန်း မှာလည်း ပြီးခဲ့တဲ့ ဩဂုတ်လဆန်း ကတည်း က ဘယ်လို အထောက်ပံ့ အကူအညီ မှ မရတော့ဘူး ဆိုပြီး စခန်းထဲ နေထိုင် သူတွေ က ဘီဘီစီ ကိုပြောပါတယ်။
ပြည်နယ် လွှတ်တော် အမတ် တစ်ဦး ကတော့ ဒုက္ခသည် တွေ အခက်အခဲ ကို ဖြေရှင်း ပေးနိုင်ဖို့ ကြိုးစား နေတယ် လို့ ဆိုပါတယ်။
ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်နဲ့ ဘူးသီးတောင် မြို့နယ်တွေက စခန်းတွေ မှာ နေနေကြ ရတဲ့ ဒုက္ခသည် အရေ အတွက် နှစ်ထောင် ဝန်းကျင် ရှိနေပါတယ်။




