နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်အကြမ်း ထွက်လာ

နိုင်ငံရေး ဆွေးနွေး ပွဲတွေ ပြုလုပ်တဲ့ အခါ ဘာတွေ ဆွေးနွေးကြမလဲ ဆိုတဲ့ မူဘောင် တွေ နဲ့ ပတ်သက်ပြီး မူကြမ်း တစ်စောင် ရရှိ လာပြီ ဖြစ်ပါတယ်။
အဲဒီ့ မူကြမ်း ကို အစိုးရ၊ တိုင်းရင်းသား နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ် (၂၈)ဦးပါတဲ့ မူကြမ်းရေးဆွဲရေး ကော်မတီကနေ သဘောတူ ရေးဆွဲ ခဲ့တာ ဖြစ်ပါတယ်။
ဒီ လုပ်ငန်းစဉ် ဟာ NCA လို့ ခေါ်တဲ့ တနိုင်ငဲလုံး အပစ်ရပ် သဘောတူ စာချုပ် ပါအချက် တွေ အရ လုပ်ဆောင် နေကြတာ ဖြစ်ပါတယ်။
အခု ရရှိခဲ့တဲ့ နိုင်ငံရေးမူဘောင် မူကြမ်းကို အချာ သတ် နိုင်ဖို့ အတွက် ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ ဒီဇင်ဘာ ၁၄ ရက် အစည်းအဝေးကျမှ ဆုံးဖြတ် နိုင်မှာ ဖြစ်ပါတယ်။
အဲဒီ့ အစည်းအဝေး ကြရင် မူဘောင် ကို အပြီးသတ် ချမှတ် မှာ ဖြစ်သလို၊ နိုင်ငံရေး ဆွေးနွေးပွဲ တွေ ကျင်းပ လာတဲ့ အခါ ပါဝင် ကြမယ့် အဖွဲ့ တွေ နဲ့ ကိုယ်စားလှယ် အချိုးအစား တွေ ကိုလည်း ဆုံးဖြတ် ကြ ရမှာ ဖြစ်ပါတယ်။
NCA အရတော့ နိုင်ငံရေး ဆွေးနွေးပွဲ တွေကို လာမယ့်နှစ် ၂၀၁၆ ဇန်နဝါရီလကုန် လောက်မှာ စတင် ကျင်းပရမှာ ဖြစ်ပါတယ်။




